စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Matt Lucas

ရက်ရောသော ယုံကြည်ခြင်း

လွန်ခဲ့သော နှစ်အနည်းငယ်က နိုင်ငံရေးခေါင်းဆောင်မှု ဝရုန်းသုန်းကား အပြောင်းအလဲကြောင့် မိမိတို့၏နိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များကို လက်ခံရန် ကျွန်ုပ်တို့၏အသင်းတော်ကို ‌ဖိတ်ခေါ်ခဲ့သည်။ မိသားစုအသီးသီးတို့သည် အိတ်သေးသေးလေးထဲ၌ ဝင်ဆံ့သမျှသောအရာများနှင့်သာ ရောက်လာကြသည်။ အခန်းငယ်လေးသာ ပေးနိုင်သူအချို့ အပါအဝင် အသင်းတော်မိသားစုများစွာတို့သည် သူတို့၏အိမ်များကိုဖွင့်လျက် လှိုက်လှဲစွာ ကြိုဆိုလက်ခံခဲ့ကြသည်

သူတို့၏ ပျူငှာသော ဧည့်ဝတ်ကျေပွန်မှုက ကတိတော်ထားရာပြည်သို့ ဣသရေလလူမျိုးများ ဝင်စားသောအခါ၌ ၎င်းတို့အား ဘုရားသခင်ပေးသည့် ပညတ်သုံးပါးကို ထင်ဟပ်စေသည် (တရား၂၄:၁၉-၂၁)။ စိုက်ပျိုးရေးအခြေခံလူတန်းစားတစ်ရပ်အနေနှင့် ရိတ်သိမ်းခြင်း၏အရေးပါမှုကို ၎င်းတို့နားလည်သဘောပေါက်ကြသည်။ နောက်တစ်နှစ်တာကို ဖြတ်သန်းရန်အတွက် ဝမ်းစာက မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် “တစ်ပါးအမျိုး၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်” (:၁၉) ဟု ဘုရားရှင်မိန့်တော်မူရခြင်းဖြစ်ပြီး၊ သူ့အားလည်းယုံကြည်ကိုးစားရန် တောင်းဆိုခဲ့သည်။ ဣသရေလလူမျိုးများသည် သူတို့၌လုံလောက်ပြည့်စုံမှသာ ပေးကမ်းခြင်းမျိုးမဟုတ်ဘဲ၊ ဘုရားသခင်၏ထောက်ပံ့မစပေးမှုကို ယုံကြည်သည့်စိတ်ဖြင့် လက်တွေ့ ပေးကမ်းရန်ဖြစ်သည်။

ထိုသို့ဧည့်ဝတ်ကျေပွန်မှုက “အဲဂုတ္တုပြည်၌ သူတို့ကျွန်ခံခဲ့ဖူးကြောင်း” (:၁၈,…

အတိတ်နှင့် ပစ္စုပ္ပန်တွင်ရှိသော ဘုရားသခင်

ကျွန်တော့်တို့မိသားစု နေထိုင်ခဲ့သည့် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်မြို့မှ ပြောင်းရွှေ့ခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပါပြီ။ ထိုနေရာတွင် အမှတ်တရကောင်းများ ရှိခဲ့သည်။
မကြာမီက ထိုမြို့လေးသို့ ပြန်လည်ပတ်ခဲ့စဉ်က မေ့ပျောက်သလောက်ရှိသော အချိန်များဖြစ်သည့်  သမီးများ၏ဘောလုံးအားကစားပွဲများ၊ ကျွန်ုပ်တို့၏အိမ်ဟောင်း၊ ဘုရားကျောင်းတွင် စုဝေးမှုများနှင့်  မိတ်ဆွေများ၏ မက္ကဆီကန်
စားသောက်ဆိုင်တို့ကို ပြန်အမှတ်ရစေသည်။ မြို့က ပြောင်းလဲသွားသော်လည်း ပြန်ပြီး အလည်လာချင်သည့်ဆန္ဒကို အစပျိုးပေးသော ရင်းနှီးကျွမ်းဝင်မှု လုံလောက်စွာ ရှိသည်။

ဣသရေလလူမျိုးတို့သည် ဗာဗုလုန်၌ ပြည်နှင်ဒဏ်ခံရသောအခါ ၎င်းတို့ ရင်းနှီးကျွမ်းဝင်သောလူများ၊ အထင်ကရနေရာများ၊ ယဉ်ကျေးမှုများကို လွမ်းဆွတ်ခဲ့ကြသည်။ဘုရား၏သခင်ကို ပုန်ကန်ခြင်းကြောင့် ပြည်နှင်ဒဏ်ခံခဲ့ရသည်ကိုတော့ မေ့လျော့
နေခဲ့ကြသည်။ မိစ္ဆာပရောဖက်များက ပြည်နှင်ဒဏ်ခံရသူများအား နှစ်နှစ် အတွင်း အိမ်သို့ပြန်မည်ဟုပြောသောအခါ (ယေ ၂၈:၂-၄; ၂၉:၈-၉)၊ သူတို့ကိုလက်ခံသော ပရိသတ်များရှိခဲ့သည်။ မကြာခင် အိမ်ပြန်ရမည်ဟု ကတိပေးသော မိစ္ဆာပရောဖက်များ၏ သဘောကျဖွယ်စကားများကို နားယောင်ရန် လွယ်ပါသည်။

ဘုရားသခင်သည်…

အခက်အခဲကြားမှ အော်ခေါ်သံ

ငလျင်လှုပ်ပြီးနောက် ပြိုကျသွားသည့် နှစ်ထပ်အိမ်၏ အပြိုအပျက်ပုံအောက်တွင် ပိတ်မိနေသော ဆီးရီးယားလူမျိုး (၅) နှစ်သမီး Jinan (ဂျီနန်း)သည် ပတ်ပတ်လည်ရှိ အပျက်အစီးများကြားမှ သူမ၏မောင်ကို ကာထားပေးရင်း ကယ်ဆယ်ရေးသမားများအား အော်ခေါ်ခဲ့သည်။ “သမီးကို ဒီက ထုတ်ပေးပါ။ သမီးဘာမဆိုလုပ်ပေးပါ့မယ်။ သမီး အစေခံလုပ်ပေးပါ့မယ်” ဟု ကြေကွဲဖွယ် အော်ခေါ်ခဲ့သည်။

အခက်အခဲကြားမှအော်ခေါ်သံများကို ဆာလံကျမ်းတစ်လျှောက်လုံးတွင် ကျွန်တော်တို့ တွေ့နိုင်ပါသည်။ “ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသောအရပ်ထဲသို့ သွင်းတော်မူ၏” (၁၁၈: ၅)။ ငလျင်လှုပ်၍ပြိုကျသည့် အဆောက်အအုံ ပိသည့်ဒဏ်ကို ကျွန်တော်တို့ မည်သည့်အခါမှ မခံစားရလောက်သော်လည်း ဆိုးဝါးသည့် ရောဂါတစ်ခုခုရှိခြင်း၊ စီးပွားရေး အခက်အခဲ ကြုံရခြင်း၊ အနာဂတ်နှင့်ပတ်သက်၍ မရေရာခြင်း သို့မဟုတ် ရင်းနှီးသူတစ်ယောက်ယောက်ကို ဆုံးရှုံးရခြင်းကဲ့သို့ မရှူနိုင်မကယ်နိုင် စိုးရိမ်ကြောက်လန့်ရသည်များကို ကျွန်တော်တို့အားလုံး သိပါသည်။

ထိုအခိုက်အတန့်များတွင် ကျွန်တော်တို့သည် ကယ်နုတ်ခံရရန် ဘုရားသခင်နှင့် အပေးအယူများ…

ရိုးရှင်းသောတောင်းဆိုမှု

“သမီးအိပ်ရာမဝင်ခင် အရှေ့ခန်းကို ရှင်းပေးပါလား” ဟု ကျွန်တော့်သမီးတစ်ယောက်ကို ပြောလိုက်ရာ “သူကျတော့ ဘာလို့မလုပ်ရတာလဲ” ဟုချက်ခြင်းခွန်းတုံ့ပြန်ခဲ့သည်။

သမီးများ ငယ်ငယ်တုန်းက ထိုကဲ့သို့သော အတိုက်အခံမျိုး အိမ်၌ မကြာခဏ ဖြစ်လေ့ရှိသည်။ ကျွန်တော်၏တုံ့ပြန်မှုမှာလည်း အမြဲတမ်းအတူတူပင်။ “သမီးရဲ့ညီမတွေအတွက် ပူမနေနဲ့။ အဖေခိုင်းတာ သမီးကိုလေ” ဟူ၍ပင်။

ရှင်ယောဟန်ခရစ်ဝင် ၂၁ တွင် တပည့်တော်များကြား ထိုကဲ့သို့ လူသားဆန်သည့် ယိမ်းယိုင်မှုကို တွေ့မြင်ရသည်။ သခင်ယေရှုကို ပေတရုသုံးကြိမ်ငြင်းပယ်ပြီးနောက် သူ့ကို သခင်ပြန်လည်တည်ဆောက်ခဲ့သည် (ယော ၁၈:၁၅-၁၈၊ ၂၅-၂၇ ကိုရှု)။ ယခု သခင်က ပေတရုအား “ငါ့နောက်သို့လိုက်လော့”ဟု ရိုးရှင်းသော်လည်း နာကျင်ရသော အမိန့်ကို ပေးခဲ့သည် (၂၁:၁၉)။ ပေတရုသည် ကိုယ်‌တော်နောက်တော်သို့ သေသည်ထိ လိုက်လျှောက်ရမည်ဖြစ်ကြောင်း သခင်ယေရှု ရှင်းပြခဲ့သည် (:၁၈-၁၉)။

သူတို့နောက်ရှိ တပည့်တော်အား ရည်ညွှန်းလျက် “ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်း”…